—–
The Mindat Post
ဩဂုတ် ၁၁၊ ၂၀၂၄
မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းရန် အထူးသတိထားကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ဒီနေ့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
“မင်းတပ်မြို့နယ်အတွင်း စကစမှ လေကြောင်းတိုက်ခို၊က်မှုများနှင့် လေကြောင်းပျံသန်းမှုများကို ဆက်တိုက်ပြုလုပ်နေသည့်အတွက် လေကြောင်းသတိရှိပေးကြပါရန် အသိပေးအပ်ပါသည်။” လို့ ကြေညာထားတာပါ။
၂၀၂၄ ဇူလိုင်နှောင်းပိုင်းကစလို့ မန္တလေးတိုင်း တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေးလေတပ်စခန်းကနေ ချင်းပြည်ထဲဦးတည်ပြီး ဂျက်ဖိုက်တာ ပျံသန်းမှုနှုန်း သိသိသာသာများလာတာ တွေ့ရပါတယ်။
အခု ဩဂုတ်လ တပတ်တာကာလအတွင်း မင်းတပ်မြို့နယ်ထဲ လေကြောင်းတို၊က်ခိုက်ခံရမှု ၅ ကြိမ်ထက်မနည်း ရှိနိုင်တယ်လို့ The Mindat Post က သိရှိထားပါတယ်။
မြို့နယ်တွင်းမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်းအချိန်ပြည့် မရနိုင်တာကြောင့် ပြည်ပရောက် ပြည်သူတွေအနေနဲ့လည်း မိမိနီးစပ်ရာပြည်တွင်းနေသူများထံ ကြိုတင်အသိပေး သတင်းဖြန့်ကြဖို့ လိုအပ်နေပါတယ်။
——-
ပုံစာ – မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတို၊က်ခိုက်မှု ပုံရိပ်များ။ [File Photo]
#TheMindatPost#Mindattownship#Airstrike
The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။
Telegram – https://t.me/MindatPost21
X (Twitter) – https://x.com/MindatPost
YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5
Website – https://mindatpost.com/






Leave a Reply