The Mindat Post

Democracy and Justice Must Prevail!

■ တကောင်းမြို့ကို တော်လှ၊န်ရေးပူးပေါင်းတပ်က ထိန်းချုပ်

The Mindat Post

ဩဂုတ် ၁၃၊ ၂၀၂၄

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲမှာရှိတဲ့ တကောင်းမြို့ကို ဩဂုတ်လ ၁၂ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်ပြီလို့ တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံဖိုင်တခုနဲ့ ဩဂုတ် ၁၃ ရက်နေ့ အတည်ပြု ထုတ်ပြန်ပါတယ်။

တကောင်းမြို့ တို၊က်ပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမှတ် (၁) စစ်ဒေသတပ်ရင်းတွေ အပါအဝင် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တကောင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း မြောက်ဘက်မှာရှိတဲ့ တကောင်းမြို့မှာ အိမ်ခြေသုံးထောင်ကျော်ရှိပြီး စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ တည်ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နှောင်းပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စက်ရုံ စီမံကိန်းကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်ခဲ့တယ်လို့ NUG ဘက်က ပြောပါတယ်။

ဧရိယာ အကျယ်အဝန်း ဧက ၅,၀၀၀ ဝန်းကျင်ရှိတဲ့ တကောင်းနီကယ်စက်ရုံစီမံကိန်းကို တရု၊တ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော်အထိ ရင်းနှီးမြှပ်နှံထားပါတယ်။


ပုံစာ – ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံ စီမံကိန်းနှင့် တကောင်းမြို့အား တွေ့ရစဉ်။ [File Photo]

#TheMindatPost#Takaung#PDF

The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

Telegram – https://t.me/MindatPost21

X (Twitter) – https://x.com/MindatPost

YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5

Website – https://mindatpost.com/

The Mindat Post

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading