The Mindat Post

Democracy and Justice Must Prevail!

■ India Super League မှာ အသင်းခေါင်းဆောင်နေရာ ယူရမယ့် Mizo လူငယ်

——

The Mindat Pos

၂ စက်တင်ဘာ၊ ၂၀၂၄

အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံးဘောလုံးပြိုင်ပွဲ India Super League – ISL မှာ ကစားနေတဲ့ Mizo လူငယ် Lallianzuala Chhangte ဟာ ခေါင်းဆောင်အသစ်တာဝန်ယူရမယ်လို့ သူကစားနေတဲ့ Mumbai City ဘက်က တရားဝင် မိတ်ဆက်လိုက်ပါတယ်။

Mizo – Flash လို့ တင်စားကြတဲ့ အသက် ၂၇ နှစ်အရွယ် Lallianzuala Chhangte ဟာ မနှစ်က Mumbai City နဲ့အတူ ISL ချန်ပီယံဖြစ်ထားသလို All India Football Federation ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရထားပါတယ်။

Chhangte ကစားနေတဲ့ Mumbai City ဟာ Indian Super League (ISL) ရဲ့ အအောင်မြင်ဆုံးအသင်းတွေထဲက တသင်းဖြစ်ပြီး EPL ကလပ် Man City အသင်းပိုင်ရှင် City Football Group က ပိုင်ဆိုင်ပါတယ်။


[Photos: Lallianzuala Chhangte/IG]

#TheMindatPost#MizoFlash#MunbaiCity

■ The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း တစုတစည်းတည်း ဝင်ရောက် ဖတ်ရှုနိုင်ပါပြီ။

Telegram – https://t.me/MindatPost21

X (Twitter) – https://x.com/MindatPost

YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5

Website – www.mindatpost.com

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading