The Mindat Post
ဇူလိုင် ၁၂ ၊ ၂၀၂၂
CDF ကန်ပက်လက်က ယခုရက်ပိုင်းတွင် မြို့တွင်း ပျောက်ကြားစစ်ဆင်ရေးပြုလုပ်နေပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ ကြောင်း ဇူလိုင်လ ၁၂ ရက် ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
၁၁-၇-၂၀၂၂ ရက်နေ့က ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်တပ်စွဲ ထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Kanpetlet တို့အကြား နံနက် ၁၂ နာရီအချိန်ခန့်မှစ၍ ၃ နာရီအချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ CDF ကန်ပက်လက်ဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယနေ့ ၁၂-၇-၂၀၂၂ ရက်နေ့တွင်လည်း ကန်ပက်လက်မြို့၊ မြို့နယ်ပညာရေးရုံးနှင့် မြို့နယ်အခြေခံပညာအထက်တန်း ကျောင်းတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့များနှင့် CDF-Kanpetlet တို့အကြား နံနက် ၁၁ နာရီခန့်မှ စ၍ နေ့လယ် ၂ နာရီအချိန်အထိ (၂)နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၂) ဦး သေဆုံး၍ CDF ကန်ပက်လက်ဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
Photo – CDF KANPETLET
#chindefenseforcekanpetlet#cdfkanpetlet#themindatpost#whatshappeninginkanpetlet





Leave a Reply