The Mindat Post
၁၅ ဩဂုတ်၊ ၂၀၂၄
ချင်းဖိုက်တာ တီရယ်ထန်ဟာ ဂျပန်ဖိုက်တာ နာအိုကီယူဒါနဲ့ မနက်ဖြန် (ဩဂုတ် ၁၆) ထိုးသ၊တ်ဖို့ ရှိနေပါတယ်။
𝐓.𝐓.𝐅. 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐕𝐨𝐥.𝟏𝟎 ပြိုင်ပွဲအတွက် ဝိတ်ချိန်တဲ့ အစီစဉ်ကို ဒီနေ့ ညနေပိုင်းမှာ လုပ်ဆောင်ခဲ့ပြီး မနက်ဖြန် မြန်မာစံတော်ချိန် ညနေ ၄ နာရီဝန်းကျင်မှာ သူတို့တွဲဆိုင်းပါတဲ့ ထိုးသ၊တ်ပွဲ စတင်မယ်လို့ သိရပါတယ်။
ဂျပန်ဖိုက်တာ နာအိုကီယူဒါဟာ အသက် ၂၇ နှစ် အရွယ်ရှိပြီး စုစုပေါင်း ပွဲ ၂၀ ထိုး၊ ၁၁ ပွဲနိုင်၊ ၇ ပွဲ ရှုံးနဲ့ ၂ ပွဲ သရေ ရလာဒ် ထွက်ပေါ် ထားပါတယ်။
တီရယ်ထန်ကတော့ ONE Championship နဲ့ လမ်းခွဲလိုက်ရပြီး ကတည်းက အပေါ်ကို ပြန်တက်လှမ်းဖို့ အားယူနေတာ အခုထိ အောင်မြင်မှုမရှိသေးပါဘူး။
——
[Ref: MYANMAR SPORTS]
The Mindat Post ၏ သတင်းကို အောက်ဖော်ပြပါ လူမှုကွန်ရက်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။
Telegram – https://t.me/MindatPost21
X (Twitter) – https://x.com/MindatPost
YouTube – https://youtube.com/@themindatpost1129?si=zrjPUvy-zfBHUWl5
Website – https://mindatpost.wordpress.com





Leave a Reply